မြို့သစ် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှပေးပို့သည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များကို ပြသဆောင်ရွက်ခဲ့ပြီး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားဘဝမှတ်တမ်းပုံများနှင့်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ခင်းကျင်းပြသခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ခင်းကျင်းပြသ ထားသည့် စာအုပ်စာစောင်၊ နံရံကပ်ဓါတ်ပုံများနှင့် ပြတိုက်ငယ် ( Mini Museum )တို့အား စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)