ကြံခင်းမြို့နယ်တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ် တင်မြှောက်ပွဲကျင်းပ

ကြံခင်း ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ်တင်မြှောက်ပွဲကို ဖေဖော်ဝါရီ()ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ "နမောတဿ"()ကြိမ်ရွတ်ဆိုကြပြီး အစည်းအဝေး စတင်သည်။ ယင်းနောက် ကြီးကြပ်ရေးအဖွဲ့၏ အကျိုးတော်ဆောင် ဆရာတော်မှကြွရောက်လာသော မြို့နယ်သံဃာဝန်ဆောင် ဆရာတော် (၈၀)ရာခိုင်နှုန်း တတ်ရောက်သဖြင့် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ယင်းနောက် သဘာပတိဆရာတော်တင်မြှောက်ထားသော ပုသိမ်မြို့ မရမ်းချိုကျောင်း ဆရာတော် ဦးသောဘိတမှ အဖွင့်ဩဝါဒကထာမြွတ်ကြားပြီး၊  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ သာသနာရေးဆိုင်ရာ ကိစ္စများ လျှောက်ထားသည်။

ဆက်လက်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ အဖွဲ့ဝင်များအနားယူခြင်းနှင့် လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းအား ကြေညာပြီး၊ ပြန်လည်ရွေးချယ်နိုင်ရန် သတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကိုဖိတ်ခေါ်ခြင်းနှင့် သက်ဆိုင်ရာနယ်မြေအလိုက် ထောက်ခံမည့် အစားထိုးရွေးချယ်ခံရသည့် ဆရာတော်ဘွဲ့ အမည်စာရင်းအား မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓု()ကြိမ်ခေါ်ဆို၍ အတည်ပြုပေးရန်နှင့် သံဃာ့ အဖွဲ့အစည်း လုပ်ထုံး၊လုပ်နည်းအား ရှင်းလင်းလျှောက်ထားခြင်း၊ အပြိုင်တင်သွင်းမှုရှိပါက ယခင်ဒေသအတွင်းရှိ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၏ လျှိုဝှက်ဆန္ဒခံယူပြီး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု"()ကြိမ်ရွတ်ဆိုကာ အခမ်းအနား ပြီးမြောက်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)