ပွင့်ဖြူမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပွင့်ဖြူ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေး‌‌နွေးပွဲတွင်‌ မြို့နယ်ကလေးအလုပ်သမား‌ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က မြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်သူလူထု ပူးပေါင်းကာကွယ် စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ အသက်အပိုင်းအခြားနှင့်  အကြမ်းဖက်ခံရမှုမှ အကာအကွယ် ပေးရမည့်လုပ်ငန်းစီမံချက်များ၊  ပညာသင်ယူခွင့် အခွင်းအရေး အပြည့်အဝ ရရှိရေးနှင့် မည်သည့် အလုပ်ရှင်မဆို ကလေးအလုပ်သမား ဥပဒေတစ်ရပ်ရပ်ကို  ဖောက်ဖျက်ကျူးလွန်မိပါက အရေးယူ နိုင်သောပြစ်မှုများ၊ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ကလေးများအတွက် သင့်လျော်ကောင်းမွန် သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက် ပေးရမည့် လုပ်ငန်းများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက မြို့နယ်အတွင်း ကလေး အလုပ်သမား ပပျောက်ရေး‌နှင့် ကလေးငယ်များ၏ဘဝ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် မည့် လုပ်ငန်းများနှင့်    ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြခဲ့ကြသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)