ကဝမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ

ကဝ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အခြေခံပညာအထက်တန်း ကျောင်း (ကဝ) ၌ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ကဝ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက ကျောင်းသားလူငယ်များ အားကစားကို စိတ်ဝင်စားလာပြီး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုး တိုးတက်ကာ ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် အားကစားစိတ်ဓာတ်ဖြင့်  ယှဉ်ပြိုင်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက အပြေးပြိုင်ပွဲ၊ အိတ်စွပ် ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲနှင့် ပစ္စည်းရွေးပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)