ဟိုပုံး ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ(၂၉၉)ဦးနှင့် အပြင်ဖြေဆိုသူ(၂၀၆)ဦး စုစုပေါင်း(၅၀၆) ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၈)ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(၂)ကျောင်းတို့မှ အတွဲ(၁)ဖြေဆိုသူ အတွင်းအပြင်ပေါင်း(၃၄၇)ဦး၊ အတွဲ(၂)ဖြေဆိုသူ အတွင်းအပြင်ပေါင်း(၅၆)ဦး၊ အတွဲ(၇)ဖြေဆိုသူအတွင်းအပြင် ပေါင်း(၁၀၃)ဦး၊ စုစုပေါင်း(၅၀၆)ဦးရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)