မိုင်းလုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင် ပြပွဲကျင်းပ

မိုင်းလုံ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင်ပြပွဲကို ဖေဖော်ဝါရီ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ယခုလို စာအုပ်/စာစောင်ပြပွဲကို ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းနှင့်အညီ ဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတများကို စာအုပ်စာပေများမှတစ်ဆင့် ရရှိစေရန်၊ စာကြည့်တိုက် ရှိ စာအုပ်အမျိုးအစားများကိုသိရှိစေရန်၊  ပြည်ထောင်စုနေ့ကို အမြဲအမှတ်ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြု စေရန်ရည်ရွယ်၍  ဆောင်ရွက် ရခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော စာအုပ်များ၊ သုတစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ကာတွန်းစာအုပ်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)