ကိုကိုးကျွန်းမြို့နယ်၌ အသံမစဲပဌာန်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ကိုကိုးကျွန်း ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်း နေထိုင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါနှင့် အခြားသော ကပ်ဘေး များကျ‌ရောက်ခြင်းတို့မှ ကင်းဝေးပပျောက်စေရန်အတွက် ကိုကိုးကျွန်းမြို့နယ် သာသနမဏ္ဍိုင် ဘုန်းတော်‌ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ ဦးဆောင်၍ သံဃာ‌တော်စုစုပေါင်း ၁၆ ပါးတို့မှ ၂၈-၁-၂၀၂၂ ရက်နေ့ ည (၇) နာရီအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်မှပဌာန်းဒေသနာ တရားတော် ရွတ်ဖတ် ပူဇော်ရခြင်း ပတ်သက်၍ တရားဟောကြားပြီး အသံမစဲပဌာန်းစတင်ရွှတ်ဖတ်ပူ‌ဇော်ခဲ့ကြာင်း သိရသည်။

အဆိုပါ အသံမစဲပဌာန်းရွတ်ဖတ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ နှင့် ဌာနဆိုင်ရာဝန်ထမ်း နယ်‌မြေခံတပ်အသီးသီးမှ အရာရှိများ ဒေသခံ ပြည်သူများလာရောက်၍ ပဌာန်း ဒေသနာတရားနာကြားခဲ့ကြ‌ကြောင်း သိရသည်။

အသံမစဲပဌာန်းရွတ်ဖတ်ခြင်းကို ၂၈- ၁- ၂၀၂၂ မှ ၁- ၂-၂၀၂၂ ရက်နေ့အထိ (၅) ရက်တိုင် ကျင်းပခဲ့ ပြီးပဌာနှ်းအောင်ပွဲနှင့်ပဌာနှ်းပိတ်ပွဲအခမ်းအနားကိုယမန်နေ့ နံနက် (၈) နာရီ အချိန်က အောင်မြင်စွာ ပြီးစီးခဲ့ပြီးပဌာန်းအောင်ပွဲအဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် နယ်‌မြေခံတပ်အသီသီးမှ အရာရှိ များ၊ ဒေသခံပြည်သူများက သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)