(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ သန်လျင်၌ဖွင့်လှစ်

သန်လျင် ဖေဖော်ဝါရီ ၄

(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော သန်လျင်မြို့နယ် ထားမလုံ-မြယာရိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းသစ်မုခ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ မင်္ဂလာအချိန်တွင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်၊ ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းအောင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမိုးနိုင်နှင့် အဖွဲ့ဝင် (၂) ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းကျင်းပေးမှုကြောင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများ အချိန်တိုအတွင်း ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်