မိုင်းယန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းယန်း        ဖေဖော်ဝါရီ     ၄

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့ရက်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန့်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)မှ အလယ်တန်းပြဆရာမ  ဒေါ်ဖြိုးသန္ဒာစိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်ရင်းသားခေါင်းဆောင်တို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပုံ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ၊ ဟောပြောပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပကြပုံများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။       

ထွန်းထွန်းထူး