ဇေယျာသီရိ ဖေဖော်ဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂိမ်းကစားရာတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းမြတ်မွန်က ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုဖိတ်ခေါ်၍ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြိုင်ပွဲများကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သာစည်ကျေးရွာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မုန့်စားခြင်း ကစားနည်း၊ ဘောလုံးကောက်ကစားနည်းနှင့် ပူစီဖောင်းဖောက်ကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)