ခမောက်ကြီးမြို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြုလုပ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများ ပြုလုပ်

ခမောက်ကြီး  ဖေဖော်ဝါရီလ  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ၌  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြသခြင်းနှင့် ရုပ်ပုံဆေးရောင် ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

ထိုသို့   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့   အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ရာနေရာသို့  ခမောက်ကြီးမြို့မှ စာဖတ်/ စာငှား ပရိသတ်များလာရောက်ကြ၍ စာအုပ်ပြပွဲမှ  စာအုပ်များကို ဖတ်ရှုလေ့လာကြပြီးနောက် ကလေးစာဖတ်ခန်း၌ ပြုလုပ်သော ရုပ်ပုံ ဆေးရောင်ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများကိုလည်း စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရူပါမြင့်