မိုးညှင်းမြို့၌ မြို့နယ်သံဃာနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

မိုးညှင်း  ဖေဖော်ဝါရီ  ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့နယ်သံဃာနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည် အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂)ရက် နံနက်(၉)နာရီခွဲတွင် မြို့မရပ်ကွက်ရှိ ဥတ္တရာ ရာမကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြသည်။ ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အနားယူသည့်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကို ကြေငြာပြီးနောက် အစားထိုးရွေးချယ်ခံရသည့် ဆရာတော်ဘွဲ့စာရင်းများကို အစည်း အဝေးသို့တင်သွင်းပြီး ဆရာတော်များ၏ လျှို့ဆန္ဒခံယူ၍ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဗုဒ္ဓပီယကျောင်းမှ ဆရာတော်ဦးဓမ္မပီယအား ရွေးချယ်၍ အဖွဲ့ဝင်များကို ဆက်လက်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရွေးချယ်တင်မြောက်ပြီးနောက် သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒမြွက်ကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်းကို ပြီးမြောက်ကြောင်း ကြေငြာခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဦးအာစိဏ္ဏ၊ ပြည်နယ်သံဃာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကေတုမာလာ၊ ပြည်နယ်သံဃာနာယကအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တပညောယဘာသ၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်ဆရာတော်များ၊ ပြည်နယ်သာသနာရေးမှူးဦးဝင်းဇော်ညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)