ရပ်စောက် ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း/သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ(၁)ရက် နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှုး၍ ရပ်စောက်မြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း (၁၆)ကျောင်းမှ ရဟန်း/သာမဏေ (၃၃၃)ပါးနှင့် သီလရှင် (၂၅)ပါးတို့အား နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စေတနာရှင်၊ အလှူရှင်ပြည်သူများ လာရောက် ၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းဖြင့် ကုသိုလ်ဒါနပွားများခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)