ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

ဒဂုံ ဖေဖော်ဝါရီ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သည့်အားလျော်စွာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီးပူဇော်ခြင်း၊ သင်္ကန်းများလှုဒါန်းခြင်း၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ် လှူဒါန်းခြင်း၊ တရားထိုင်ခြင်း၊ ဓမ္မာစကြာရွတ်ဖတ်ပူဇော်သူများ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် နေသူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကားလျက်ရှိပါကြောင်း သိရပါသည်။  ထိုသို့ ဘုရားဖူးလာပြည်သူများ ကလေးလူကြီးများအားလုံး စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညို ကုသိုလ်ပြု လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

မိုးမိုးခိုင်