ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလော တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိသလောက်နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ လက်ရှိ ကူးစက် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာရောက် ထိုးနှံရေး အသိပေးကြေညာခြင်းကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံကြေညာပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုက်လံကြေညာပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “ယခုအခါတွင် အခြားပြည်ပနိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည် Mask စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေ အခွာမှနေရန်၊ Mask တပ်ဆင်ခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ရှားရန်၊ လူစုလူဝေး ပြုလုပ် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာ ခဏဆပ်ပြာ ဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောရန် စသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့် မြို့နယ်အတွင်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုသတ်မှတ် ဆေးထိုး အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာပြည်သူများ အနေဖြင့် မဖြစ်မနေ အကြိမ်ပြည့်လာရောက် ထိုးနှံရေးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ရေး” တို့ကို လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)