ကော့ကရိတ် ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်၊ တိုးချဲ့ကွက်သစ်၊ ငုဝါလမ်းနေ ပိုင်ရှင် ဦးသရွှေ၏ နေအိမ်ရှိ ဘုရားစင်တွင် ယမန်နေ့နံနက်က ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၁၂x၄၀)ပေခန့် အဆောက်အဦ (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာ နေရာသို့ ကော့ကရိတ်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဖြိုးက ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုသူ အိမ်ရှင် ဦးသရွှေကို ကော့ကရိတ်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)