တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကာကွယ်ရေး ပြည်သူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံနှင့် မြိုမစည်ပင်သာယာဈေးကြီးရှေ့တို့တွင် နှာခေါင်းစည်း (Mask) များ ယမန်နေ့ နံနက် ၈ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask) များဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ် ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သည့် အလေ့ အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ (Mask) Campaign ပြုလုပ်၍ (Mask) များကို (အခမဲ့) ဖြန့်ဝေပေး​ခြင်းဖြစ်ကြောင်း သိရသည်။

တွံတေးသား