ရွှေတိဂုံစေတီတော်သို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် မိသားစု လာရောက်ဖူးမြော်

ဒဂုံ ဖေဖော်ဝါရီလ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်၊ တောင်ဘက်မုခ် VIP ဓာတ်လှေကားမှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Prashanth Mohanan နှင့်မိသားစု ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်သို့ တက်ရောက်၍ စေတီတော်ရင်ပြင် တောင်ဘက် ဧည့်ခံတန်ဆောင်းတွင် မြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ခြင်း၊ အလှူငွေ မြန်မာငွေ ၁ သိန်းအား လှူဒါန်းခြင်းများ ပြုလုပ်ပြီး စေတီတော်အား လက်ယာရစ် ပူဇော်၍ စနေထောင့်ရှိ ကျောက်စိမ်းမြတ်စွာဘုရားအား၊ ရေသပ္ပါယ်ခြင်း၊ ရာဟုထောင့်ရှိ အောင်မြေတွင် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်း ခေါင်းလောင်းအား လေ့လာခြင်း၊ ခေါင်းလောင်းထိုးခြင်းများ ပြုလုပ်ပြီး ညနေ (၁၇:၁၀)နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးမိုးခိုင်