နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

နတ်မောက်      ဖေဖော်ဝါရီ ၆

 မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်မှာ အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၆)နှစ် မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့် မပြုကြောင်း၊ အသက်(၁၆)နှစ်ပြည့်ပြီး (၁၈)နှစ်မပြည့်သေးသော ကလေးသူငယ်များအား ကျန်းမာရေး ကောင်းမွန်ကြောင်းဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်းနှင့် အသက် (၁၈)နှစ် မပြည့်သေးသောကလေးများအား  အန္တရာယ်ရှိသော အလုပ်တွင်မလုပ်စေရ (သို့မဟုတ်) လုပ်ခွင့်မပြုရကြောင်း၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း