မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့်ဝင်ရောက်

မင်းဘူး   ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက် လာခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသာပွဲရုံပိုင်ရှင် ဒေါ်စိန်မြထံမှ သိရသည်။

မင်းဘူးမြို့တွင် ငရုတ်သီးစိမ်းဈေးသာ အတက်အကျရှိသော်လည်း ငရုတ်သီးခြောက်များ မှာ ပွဲရုံဈေး ကျပ် ၃၅၀၀ မှ ၄၅၀၀ အတွင်းသာရှိသည်။ ယခုနှစ်လည်း ကျောက်စိမ်း၊ ဗီယက်နံ၊ ၆၉၂ စသည်ဖြင့် ငရုတ်သီး အမျိုးမျိုးရှိပြီး တစ်ပိဿာ ၃၈၀၀ ကျပ်ဖြင့် ဝင်ရောက်လာသောကြောင့် အဖွင့်ဈေး ကောင်းကြောင်း ငရုတ်သီးအဝယ်တော် ဦးသာပေါက ပြောသည်။

မင်းဘူးငရုတ်သီးဈေးကွက်သို့ လာရောက်ရောင်းချကြသောမြို့နယ်များမှာ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ပွင့်ဖြူ၊ ကလော၊ အောင်ပန်း၊ ပျဉ်းမနား၊ သာစည်၊ ရမည်းသင်းမြို့နယ်များမှ လာရောက် ရောင်းချလျက် ရှိကြပြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ ဝက်လွတ်၊ ရှားတော၊ သနပ်ပင်စု၊ ပဒေသာကျွန်း၊ နိဗ္ဗာန်ကျွန်း၊ ရွာသစ်ကုန်း၊ မန်းကျိုးကျေးရွာများတွင် အများဆုံး စိုက်ပျိုးရာင်းချကြပြီး ဧက ၄၀၀ ခန့်စိုက်ပျိုးထားကာ အဖွင့်ဈေးကောင်းသောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြကြောင်းလည်း သိရသည်။

ဇေယျာထက်(မင်းဘူး)