တံတားဦး ဇန်နဝါရီ ၂၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား နည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြကြောင်းသိရသည်။
ကိုယ်လက်လှုပ်ရှား အားကစားသရုပ်ပြအစီအစဉ်တွင် တံတားဦးမြို့နယ် ( Fitness Dance ) အားကစားသမားများက လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားသော သီချင်းများဖြင့် သရုပ်ပြကြကြောင်းသိရသည်။ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို အဆင်ပြေချောမွေ့စွာ လိုက်ပါလေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခံစွမ်းအားမြှင့်တင်ရေး၊ အားကစားပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်ရေး၊ ကျန်းမာစွာ နေထိုင်သွားလာနိုင်ရေးတို့အတွက် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြည်သူများကလည်း လိုက်ပါလေ့ကျင့်ဆောင်ရွက်နိုင်ကြောင်းလည်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရဲတင့် (တံတားဦး)