ကျိုက်မရော ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ရပ်ကွက်၄ ခုနှင့် လူအများသွားလာ ဝင်ထွက်နေသည့် လမ်းဆုံလမ်းဝများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ပညာပေးနှိုးဆော်ရာ၌ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက် ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာပြီး ပူးပေါင်းကူညီ ဆောင်ရွက်ရမည့် အသိပေးခြင်း၊ သတိပေးခြင်းများကို မြို့နယ်ကိုဗစ်- ၁၉ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှုးနှင့် ဝန်ထမ်းများက နေ့စဉ်လှည့်လည် ပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိူက်မရော)