ဒဂုံ ဇန်နဝါရီ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းကို ယမန်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ရာ ယာဉ်လမ်းကြောင်းဖြတ်သန်းရာ ကမ္ဘာအေးဘုရားလမ်း(ဗိုလ်မင်းခေါင်လမ်းထိပ်မှဦးထောင်ဘိုအဝိုင်းလည်းကောင်း)၊ ဦးထောင်ဘိုအဝိုင်းမှဦးဝိစာရအဝိုင်းထိလည်းကောင်း၊ အလုံလမ်း(ဦးဝိစာရအဝိုင်းမှပြည်လမ်းအထိ)၊ ပြည်လမ်း (အလုံလမ်းမှမြေနီကုန်းခုံးကျော်တံတားအထိ)မြေပြင်လုပ်ငန်းများ ပြုပြင်ရန် ရှိ/မရှိ၊ လမ်းတံတားများ ဆေးသုတ်ခြင်း ဆောင်ရွက်ပြီး/မပြီး၊ ပန်းဥယျာဉ်ဆိုင်ရာ သစ်ပင်များအား ပုံသွင်ခြင်း၊ သစ်ပင်ခြုံနွယ်များအား ရှင်းလင်းထားရှိမှု ပြီး/မပြီး၊ ဦးထောင်ဘိုလမ်းနှင့် အလုံလမ်းတစ်လျှောက် သန့်ရှင်းရေးကောင်းမွန်ခြင်း ရှိ/မရှိ ပြည်ထောင်စု အလံသယ်ယူမည့် လမ်းတစ်လျှောက်တွင် အမြင်တင့်တယ်မှုများ သန့်ရှင်းရေးကောင်းမွန်မှုများ ရှိ/မရှိကို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လိုက်လံစစ်ဆေးခဲ့ရာ အဆင်ပြေစွာ ဆောင်ရွက်ထားရှိမှု ရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်းသိရှိရပါသည်။
ဒဂုံမြို့နယ်(ပြန်/ဆက်)