ကျောက်ဆည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေ းဆရာ ရနံ့သိုက်ရေးသားသည့် ''ယုံကြည်မှုဖြင့်အောင်မြင်ခြင်း'' စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ် ဝါသနာပါသူများ၊ စာပေကို ချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေခြင်း၊ မိတ်ဆွေအပေါင်းအသင်း များတိုးပွားခြင်း၊ တစ်ဦး၏အတွေးအခေါ်နှင့် အခြားတစ်ဦး၏ အတွေးအခေါ်များကို အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် အတွေးအခေါ် သစ်များရရှိစေခြင်း စသည့်စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီး စာရေးဆရာရနံ့သိုက်ရေးသားသော ယုံကြည်မှုဖြင့်အောင်မြင်ခြင်း စာအုပ်ပါအကြောင်း အရာများဖြစ်သည့် “သင်တကယ်ကြိုးစားနေသလား၊ စာဖတ်ခြင်းဖြင့်ဘဝမြှင့်တင်ပါ”စသည့် အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က ယုံကြည်မှုဖြင်ဘဝကိုအောင်မြင်ခြင်း၊ “ဒီနေ့အလုပ်ဒီနေ့လုပ်ပါ”၊ “အောင်မြင်ချင်လျှင်လေ့ကျင့်ရမည်” စသည့်အကြောင်းအရာများကို လည်းကောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ချမ်းသာစေဖို့ဥပဒေသများ၊ အတွေ့အကြုံသစ်ကိုရယူ လုပ်ဆောင်ပါ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်တင်ထွေး