မသန်စွမ်းသူများ၏ အခွင့်အ​ရေးဆိုင်ရာ Talk Show ကျင်းပ

လသာ ဇန်နဝါရီ 

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လသာမြို့နယ်ရုံးတွင် ယ​နေ့ နံနက်(၁၀)နာရီအချိန်က မသန်စွမ်းသူများ၏ အခွင့်အ​ရေးဆိုင်ရာ Talk Show ​ဆွေး​​နွေးပွဲ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

အဆိုပါ Talk Show ​ဆွေး​နွေးပွဲတွင် ကြည့်မြင်တိုင် မျက်မမြင်​ကျောင်းမှ​ကျောင်းအုပ် ဆရာမကြီး​ ဒေါ်ချိုချိုမာက မသန်စွမ်းသူများ၏ အခွင့်အ​ရေး ဆိုသည်မှာ မသန်စွမ်းသူများ သည် သန်စွမ်းသူများနည်းတူ ပညာသင်ကြားခွင့် အလုပ်အကိုင်ရရှိပိုင်ခွင့်နှင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုရရှိမည်ဟု ဆိုလို​ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ အခွင့်အ​ရေးဥပ​​ဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် နည်းဥပ​ဒေကို ပြဋ္ဌာန်း​ပေးခဲ့​ကြောင်း​ ဆွေး​​နွေး​ပြောကြားသည်။

ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးက မသန်စွမ်းသူများအတွက် မျက်မမြင်​​ကျောင်း၊ နားမကြားသူများ​​ ကျောင်း၊ ကိုယ်ခန္ဓာချိုတဲ့သူများ ပြန်လည်သန်စွမ်း​ရေးအတွက် သက်ငယ်​ကျောင်း၊ သက်ကြီး​ကျောင်း၊ ဉာဏ်ရည်မမီသူ က​လေးငယ်များအတွက်​ ကျောင်းများကို နိုင်ငံ​တော်မှ ဖွင့်လှစ်​ပေးထား​ကြောင်း မသန်စွမ်းသူများသည် လူထဲမှ လူများပင်ဖြစ်ရာ ၄င်းတို့ကို ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချခြင်း မပြုဘဲ လူအသိုင်းအဝိုင်းတွင် သာမန်လူများနည်းတူ ရှင်သန် ရပ်တည်နိုင်​စေ​ရေးအတွက်​ ဖေးမကူညီသင့်​ကြောင်းကို​ ဆွေးနွေးခဲ့​ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)