ကော့ကရိတ်မြို့နယ် ထိုး​ကော်ကိုးကျေးရွာ၌ ဂါလံ ၁၀၀၀၀ ဆံ့ ​ရေစုကန်နှင့် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ကော့ကရိတ် ဖေဖော်ဝါရီ  ၁၀

သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုး​တိုးတက်​ရေး ဦးစီးဌာနမှ ၂၀၂၁ - ၂၀၂၂ ခုနှစ် ၆ လဘတ်ဂျက် ပြည်​နယ်အစိုးရခွင့်ပြုရန်ပုံ​ငွေကျပ်သန်း (၁၉.၂၆ )ဖြင့် ​ကော့ကရိတ် မြို့နယ်၊ နဘူးတံခွန်တိုင်ကျေးရွာအုပ်စု၊ ထိုး​ကော်ကို(​နော်တယာ)ကျေးရွာ၌ ဂါလံ ၁၀၀၀၀ ဆံ့​ရေစုကန်နှင့် ​ပေ ၂၀၀၀ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း​ ဆောင်ရွက်နေမှုများကို  ယနေ့ နံနက်ပိုင်းက ​မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန​ မြို့နယ်ဦးစီးမှူး     ဦး​စောဆား ​ဒေါက်​ဖော့နှင့် အင်ဂျင်နီယာများမှ ​ ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရသည်။

အဆို​ပါ ရေစုကန်တည်​ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ​ကျေးရွာ​ကော်မတီများ၊ ဌာနစုဖွဲ့မှုဖြင့် ​ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ  လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ အဆိုပါ ကျေးရွာရှိ အိမ်​ခြေ (၄၃၆)အိမ်နှင့် လူဦး​ရေ (၂၂၁၄) ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်​ကြောင်း မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ သိရသည်။    

စောအောင်မျိုးလွင်(ပြန်/ဆက်)