ရေဖြူမြို့နယ်၌ (၇၅) နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ်(Talk Show) ဆွေးနွေးပွဲကျင်းပ

ရေဖြူ  ဖေ​ဖော်ဝါရီ ၁၀

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပ​​ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်ဖြူဖြူရှိန်က ပြည်​ထောင်စု​နေ့ဖြစ်​ပေါ်လာပုံသမိုင်းအ​ကြောင်းအရာများ၊ ပြည်​ထောင်စု စိတ်ဓါတ်ရှင်သန်​စေ​ရေး၊​ နောင်အနာဂတ် တိုင်းရင်းသား လူငယ်များအ​နေဖြင့် ပြည်​ထောင်စုကြီး​​​ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်​​​အောင်​ ဆောင်ရွက်ကြ​​စေ​ရေး အစရှိသည်ဖြင့် ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါ (၇၅) နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့(Talk Show) အစီအစဉ်အစအဆုံးအား ရေဖြူမြို့နယ် ပြည်သူ့ စာကြည့်တိုက် Online Page တွင် လွှင့်တင်ထားရှိမည်ဖြစ်​ကြောင်း သိရသည်။

​ခတ္တာ (ရေဖြူ)