သာယာဝတီ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

သာယာဝတီ   ဖေဖော်ဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်ဖြစ်သူ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် ကျော်ကျော်ဦး(ဒါးဘီး) မှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုနေ့ဒို့မမေ့"မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး" ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ သာယာဝတီ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ..က()သာယာဝတီမှ မချမ်းမြေ့လဝန်းသန့်၊ ဒုတိယဆုကို ..က(ခွဲ) ကျပ်ချောင်းမှ မောင်ဆန်းလင်းနိုင်၊ တတိယဆုကို ..က(ခွဲ) ဖိုးခေါင်မှ မနေခြည်ဟန်နှင့် အထူးဆု()ဆုတို့ အသီးသီးဆုရရှိ ခဲ့ကြသည်။

အဆိုပါ ဆုရကျောင်းသား၊ ကျောင်းသူများအား လာမည့်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆုများပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)