မိုင်းတုံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  Community Centre ခန်းမ၌ လူမှုကာကွယ်‌စောင့်ရှောက်ရေး (MCCT) ထောက်ပံ့ရေးအကြောင်း သိကောင်းစရာ Talk Show  ပြုလုပ်

မိုင်းတုံ  ဖေဖော်ဝါရီ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ၊ Community Centre ခန်းမတွင် ယနေ့နံနက်၁၀ နာရီက(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်လူမှုကာကွယ်‌ စောင့်ရှောက်ရေး(MCCT) ထောက်ပံ့‌ရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk   Show ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က Talk   Show‌ ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မိုင်းတုံမြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်‌ထွေးကလူမှုကာကွယ်စောင့်ရှောက်ရေး (MCCT)ထောက်ပံ့ရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်နှင့် ပတ်သတ်၍အကျယ်တဝန်းဆွေးနွေးတင်ပြ ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ  (၇၅) နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ်လူမှုကာကွယ်‌ စောင့်ရှောက်ရေး (MCCT) ထောက်ပံ့ ရေးအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေး‌ ပေးရခြင်းသည် ယင်းနှင့်ပတ်သက်ပြီးပြည်သူများသိရှိနားလည်ပြီးဗဟုသုတရရှိစေရန်ရည်ရွယ်၍စီစဉ်တင်ဆက်‌ ပေးရခြင်း ဖြစ်‌ ကြောင်း ဆွေးနွေးမှု Talk Showကိုလည်း မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှ တဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်