ရေနံချောင်းတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၂၂) သင်တန်းဖွင့်လှစ် ပို့ချလျက်ရှိ

ရေနံချောင်း ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂) သင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ကျောင်း ပတ္တမြားခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူးနှင့် သင်တန်းဆရာ/ဆရာမ လေးဦးတို့က ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် ရုတ်တရက်နာမကျန်းဖြစ်သူများကို နီးစပ်ရာဆေးရုံ ဆေးပေးခန်းသို့မရောက်မီ ချက်ခြင်းကူညီပြုစုခြင်းဖြင့် အသက်ကယ်တင်နိုင်ရန်အတွက် အခြေခံရှေးဦးပြုစုခြင်းနည်းများကို စာတွေ့အပြင် လက်တွေ့သရုပ်ပြသခြင်းများဖြင့် ရေနံချောင်း တက္ကသိုလ်မှ သင်တန်းသား သင်တန်းသူ ၅၃ ဦးအား နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စနစ်တကျ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)