ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၉:၃၀) အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)ကျောင်းသို့ ကွင်းဆင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲများနှင့် နံရံကပ် စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရာ၌ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းယဉ်က " ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ " ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကျောင်းသားကျောင်းသူများအား ဗဟုသုတရရှိစေမည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ စာဖတ်ရခြင်း၏ အကျိုးကျေးဇူးများကိုလည်း ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း နှင့် ထိုသို့ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား/သူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ နယ်လှည့်ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ (၇၅)ကြိမ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော (၇၅)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ (၇၅) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)