ငရုတ်ကောင်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးကော်မတီ၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ သည်။
လေလံရောင်းချပွဲတွင် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးက လေလံဆွဲဝယ်ယူလိုသော လုပ်ငန်းရှင်များအား လေလံစည်းမျဉ်း စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးကော်မတီ၏ စျေးပြိုင်လေလံ စနစ်ဖြင့် လေလံရောင်းချပွဲတွင် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၃၂)ခုရှိသည့်အနက် လုပ်ငန်းလိုင်စင် (၁၇)မျိုးအား အသီးသီး ဆွဲဝယ်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်