ပိုင်ကျုံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာပုံနှင့် အနှစ်သာရတို့ သိရှိထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က ပိုင်ကျုံမြို့ (အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွင် ပိုင်ကျုံမြို့ (အ.ထ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ သက်မှတ်၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ဆရာ၊ ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး