မုဒုံ ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်လှေလှော်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့ကန်ကြီးစေတီတော် မင်္ဂလာကန်တော်၌ ကျင်းပသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်က စတင်ကာ မြို့နယ်( ၁၀ )မြို့နယ် လှေလှော်အသင်းများမှ ယှဉ်ပြိုင်ကြကြောင်း၊ ဗိုလ်လုပွဲ တွင်မုဒုံအသင်းနှင့် ချောင်းဆုံအသင်းတို့က ယှဉ်ပြိုင်လှော်ခတ်ပြီး မုဒုံမြို့နယ်အသင်းက ဗိုလ်ဆွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆု မုဒုံအသင်း၊ ဒုတိယဆု ချောင်းဆုံအသင်း၊ တတိယဆု ရေးအသင်း၊ စတုတ္ထဆု သံဖြူဇရပ်အသင်း၊ နှစ်သိမ့်ဆု (၆)သင်း နှင့် သရုပ်ပြရေကူး ဂုဏ်ပြုဆုများကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ် စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်နိုင်၊ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်း နှင့် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)