ဇလွန် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဆောင် သောမြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရခြင်းမှာ စျေးကွက်အတွင်း ပိုးသတ်ဆေးအတုအပများနှင့် လိုင်စင်မဲ့ အရောင်းဆိုင်များ မရှိစေရေး၊ တရားမဝင်ရောင်းချသော ပိုးသတ်ဆေးများမရှိစေရေး၊ ဒေသခံတောင်သူများ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သုံးစွဲမှု မှန်ကန်စေရေးအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေ သြဇာ မျိုးစေ့အရောင်းဆိုင်များအား လစဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (ပြန် / ဆက်)