ဟင်္သာတ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ် တန်း (အမျိုးသား )ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူ များထံသို့ အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။ထို့နောက် ပြိုင်ပွဲဝင် အားကစားသမား များက အားကစားသစ္စာအဓိဌာန်များရွတ်ဆိုပြီး ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ မြို့ပေါ်ရပ်ကွက်များမှ အသင်း ၁၆ သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ၃ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲမှဆုရရှိသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ