တောင်သာ ဖေဖော်ဝါရီလ ၁၀
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကျေးရွာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် က ကျောက်ကာကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လမ်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရမှကို အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ကျောက်ကာ ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ဦးဇော်မျိုးအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လမ်းကို မဟာဗောဓီကံထူးအောင်ဆရာတော် ဥူးညာနိဒ္ဒ၊ အမှတ်(၁)ဒုံး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်ဗိုလ်မှူး နေမျိုးသူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုး၊ ကျောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းတို့မှ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်၍ ကမ္ဗည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည် ပက်ဖျန်းကာ၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း၊ ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းပြီး ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြစ်သော(VDP) ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)၊ ဦးသန့်ဆွေ (ဗိုလ်ချုပ်-ငြိမ်း) ဇနီး ဒေါ်ခင်ခင်လှ မိသားစုမှ ဘိလပ်မြေ(၇၃၀) အိတ်၊ ပြည်သူလူထုလှူဒါန်းငွေ ကျပ်သိန်း (၂၀၄)တို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းအရှည်မှာ (၃၂၅၀) ပေ၊ လမ်းအကျယ် (၁၂) ပေ၊ ထု (၆)လက်မ ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်