မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ခြင်း အထိမ်းအမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ‌ပေးသင်တန်းဖွင့်လှစ်

မုံရွာ ဖေဖော်ဝါရီ ၁၀

စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုခြင်း အထိမ်း အမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ‌ပေး သင်တန်းဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများ မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်ကျေးနယ်မြေ(၁)မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်က တောင်သူ များအနေဖြင့် မိမိတို့ အိမ်ဝင်းခြံမြေများအတွင်း ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်း ပြီး အာဟာရပြည့်ဝသောအစားအစာများကို မိမိတို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေမှာဖြစ်ကြောင်း  အမှာစကားပြောကြားခဲ့ပြီး ဒုလက်ထောက်ဦးစီးမှူး ဒေါ်သဲသဲထွေးက ငွေနှင်းမို စိုက်ပျိုးထုတ်လုပ်နည်းပညာများ အကြောင်း သိကောင်းစရာများနှင့် ကောက်ရိုးမှို စိုက်ပျိုးထုတ်လုပ်နည်းတို့ကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသော ဒေသခံတောင်သူ များ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က အခမ်းအနားသို့ တက်ရောက်လာသော တောင်သူ(၃၀)ဦးအတွက် ငွေနှင်းမှို ပျိုးထုတ်(၃၀၀)အား အခမဲ့ထောက်ပေးအပ်ခဲ့ပြီး စပါးခွံမီးခိုးပေါင်းခံရည် လက်တွေ့ပြုလုပ် ခြင်းနှင့် အသုံးပြုအဆင့်ဆင့် လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ် ဦးစီးမှူး ဦးစိုးသက်အောင်နှင့် တာဝန်ရှိသူများက စပါးခွံမီးခိုးပေါင်းခံရည် ထုတ်လုပ်ခြင်းနှင့် နည်းပညာပေးသရုပ်ပြပွဲနှင့် ငွေနှင်းမှို၊ ကောက်ရိုးမှိုစိုက်ပျိုးဆောင်ရွက် ထားရှိမှုတို့အား လက်တွေ့လိုက်လံပြသရာ တက်ရောက်လာသော တောင်သူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)