ကျိုင်းတုံ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ဖေဖော်ဝါရီလ ၉ ရက်နေ့ ၊ မွန်းလွဲ ၁၃ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်သန္တာထွေးက နိုင်ငံဝန်ထမ်း ဥပဒေ/နည်းဥပဒေစာအုပ်များအား စာဖတ်ဝိုင်းပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံဝန်ထမ်း ဥပဒေ/နည်းဥပဒေစာအုပ်မှ ဝန်ထမ်းများလိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များ၊ ခွင့်စည်းကမ်းများ၊ အလုပ်ချိန်ဆိုင်ရာစည်းကမ်းများ၊ ပြုမူဆက်ဆံမူဆိုင်ရာစည်းကမ်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က အလှည့်ကျဖတ်ကြား ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိန်သန်း (ပြန်/ဆက် )