ဇီးကုန်း ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့က ကျင်းပ ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးနှင့် ဇီးကုန်းမြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်စာရေးဆရာ ဇော်ဝင်းမောင်(ဇီးကုန်း) (ပြန်/ဆက်ငြိမ်း)တို့က “(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပင်လုံစာချုပ်ချုပ်ဆိုရန် စေ့ဆော်ဖန်တီးလာပုံအကြောင်းနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ လူငယ်လူရွယ်များ အပါအဝင် တိုင်းရင်းသား ပြည်သူများအနေဖြင့် ထားရှိသင့်သည့် သဘောထားခံယူချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)