ပန်းခင်းစီမံချက်ဖြင့် ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူလူထုအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာအုပ်စုအကုန် ဆောင်ရွက်ပေးနိုင်ခဲ့

ရေဖြူ  ဖေဖော်ဝါရီ   ၁၁

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေးအတွက် ပြည်သူလူထုအားလုံး၏လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ‌​ရေဖြူမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယခု‌ဇန်နဝါရီလကုန်အထိ ကျေးရွာအုပ်စုအကုန်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများပေးအပ်ရာတွင် ရေဖြူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် အဖွဲ့ဝင်တို့က ကျေးရွာအုပ်စုများအထိ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြ၍ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရေးအတွက် နိုင်ငံ တော်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများရရှိအောင် ဆောင်ရွက်ပေးနေသည့် အခြေအနေကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ပြည်သူလူထုအား ၂၀၂၁ ခုနှစ် မေလ(၃) ရက်နေ့မှ စတင်ကာ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာတွင် ရေဖြူမြို့နယ်တွင် ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၂)အုပ်စုရှိ ပြည်သူလူထုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅၉၈) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ကိုဗစ် ၁၉ ကူးစက်ဖြစ် ပွားနေသည့်ကာလတွင်ပင် ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်း ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် လျာထားချက်၏ (၆၉.၆)ရာခိုင်နှုန်း ဖြင့်(၅၂၉၄)ကတ်ကို ပေးအပ်နိုင်ခဲ့ကာ ကျေးရွာအုပ်စု အကုန်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်ဝါရီလကုန်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)