ထားဝယ် ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး (တက္ကသိုလ်အဆင့်) (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်တွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံတော်အစိုးရက စိန်ရတုအထိမ်းအမှတ် ပြပွဲများ၊ ပြခန်းများကိုလည်း ဖွင့်လှစ်ပြသလျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စိန်ရတုပြည်ထောင်စုနေ့ အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့် ထူးချွန်ထက်မြတ် နေသူများအား ယခုလိုအခမ်းအနားများဖြင့် ပြုလုပ်ပြီး ဆုချီးမြှင့်လျက်ရှိကြောင်း၊ ဗဟိုအဆင့် ပန်းချီ ပြိုင်ပွဲတွင် ပထမဆုနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ကျောင်းသား/သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု စိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်စေရန် ရည်ရွယ်ပြီး တိုင်းရင်းသားအားလုံး ဦးညွတ်အလေးပြုသော ပြည်ထောင်စုအလံကို ရန်ကုန်မြို့တော်ခန်းမကနေ အလေးပြုပြီး နေပြည်တော်သို့ သယ်ဆောင်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး (တက္ကသိုလ်အဆင့်) (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဦးစီးဌာနအဆင့် ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင်ပြီး ပြိုင်ပွဲမျာတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)