စုကလိမြို့ သေ့ဘောဘိုးကျေးရွာတွင် ဆောင်းအစေ့ထုတ်ပြောင်း ၁၀ ဧကအား ရေသွင်းရေဖျန်း စနစ်ဖြင့် အောင်မြင်ဖြစ်ထွန်း

စုကလိ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရည်အသွေးမြင့် စိုက်ပျိုးနည်းစနစ်များအား အသုံးပြု၍ ဒေသတွင်း စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား၍ ဆောင်ရွက်လျှက်ရှိရာ စုကလိမြို့ သေ့ဘောဘိုးကျေးရွာ တောင်သူဦးကျော့မူထော၏ ဆောင်းအစေ့ထုတ်ပြောင်း ၁၀ ဧကအား ရေသွင်းရေဖြန်းစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။

အဆိုပါ အစေ့ထုတ်ပြောင်းများအား စုကလိမြို့တွင် တစ်ပိုင်နိုင်သာမက စျေးကွက်စီးပွားရေး စနစ်တစ်ခုအဖြစ် အောင်မြင်စွာ စိုက်ပျိုးလာနိုင် ကြပြီး တစ်သီးစားသာမက နှစ်သီးစားအဖြစ် ဆောင်းအစေ့ထုတ်ပြောင်းများအား တွင်ကျယ်စွာစိုက်ပျိုးနိုင်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ရာတွင်လည်း စျေးကောင်းရရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာ အချက်အလက် များအား ဆုံဆည်းမြိုင်ကျေးရွာရှိ Knowledge Center တွင် လိုအပ်သလို ဆောင်ရွက် ပေးလျက်ရှိကြောင်း တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ပိုပို​အောင် (စုကလိပြန်/ဆက်)