မြောင်းမြမြို့ ရွှေဗုဒ္ဓေါစေတီ၌ (၁၉)ကြိမ်မြောက် ထမနဲထိုးပွဲကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ ရွှေစေတီလမ်းရှိ ရွှေဗုဒ္ဓေါစေတီ၌ (၁၉)ကြိမ်မြောက် ထမနဲထိုးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထမနဲထိုးပွဲသို ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအုန်းသိန်း၊ မြို့နယ်စည်ပင် သာယာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်တင်ထွန်း၊ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းငြိမ်း၊ အတွင်းရေးမှူး မြို့နယ်ရဲမှူး ရဲမှူးမြင့်စိုးတို့ သွားရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပွဲသည် ထမနဲတစ်ဒယ်လျှင် (၂၅၀၀၀)ကျပ်နှုန်းဖြင့် မြောင်းမြမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ စုပေါင်း၍ (၁၀၈)ဒယ် လှူဒါန်းမှာဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)