ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတနော် ဖေဖော်ဂါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Woman Club)အဖွဲ့နှင့် (Youth Club)အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ တက္ကသိုလ်တာရာလင်း ရေးသားသည့် ''စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က ယခုလို စာဖတ်ဝိုင်းကို အပတ်စဉ်ပြု လုပ်ပေးခြင်းဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေခြင်း၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေခြင်း၊ လူ့အဖွဲ့စည်း များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာတက်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး (Woman Club)အဖွဲ့ဝင် ဒေါ်ဇွန်ကေခိုင်က ''စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပါ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Youth Club)အဖွဲ့ဝင် မောင်စည်သူအောင်က တန်းဖိုးထားသင့်သောအရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)