ဝါးခယ်မ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝါးခယ်မမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ပြည်သူများ ကလေးများ အသိပညာတိုးပွားစေရေး စာပေဗဟုသုတ ကြွယ်ဝစေရေး စိတ်ချမ်းမြေ့ပျော်ရွှင်မှုများ ရရှိစေရေး ရည်ရွယ်၍ Online မှ တစ်ဆင့် နေ့စဉ် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်များ ပြောပြခြင်း၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဗဟုသုတများ ဖတ်ပြခြင်း Talk Show အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိခြင်းတို့ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်းနှင့် ကဗျာရွတ်ဆိုပြခြင်း အစီအစဉ် များကို ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဗဟုသုတရရှိစေရန်အပြင် စိတ်အပန်းပြေ၍ ပျော်ရွှင်စေရန်ရန် ရည်ရွယ်၍ ဦးစီးမှူးက Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ပြခြင်း၊ ရောင်စုံစက္ကူအသုံးပြု၍ အရုပ်ပြုလုပ် ခြင်း စသည့်အစီအစဉ်များကို နေ့စဉ်ရိုက်ကူးပြီး Online မှ တစ်ဆင့် လွှင့်တင်ပေးလျက်ရှိ ကြောင်း သိရသည်။
ဝါးခယ်မ ပြန်/ဆက်