လာချိဒ်လူမျိုးရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်အား ဝိုင်းမော်မြို့၌ ပြုလုပ်ကျင်းပ

ဝိုင်းမော်   ဖေဖော်ဝါရီ   ၁၄

လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဦးစီးပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော လာချိဒ်လူမျိုး ရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်အား ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ အတွင်းရှိ လာချိဒ်ယဉ်ကျေးမှုမနော၀င်း၌ ဖေဖော်ရီ (၁၄) ရက်မှ (၁၅) ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

လာချိဒ်လူမျိုး ရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်တွင် လာချိဒ်ရိုးရာ ဂျိတ်ကျော့အကနှင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမြင့်ခုန်၊ အလျားခုန်၊ မြှားပစ်၊ သံလုံးပစ်၊ အပြေး ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)