ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံအတွင်း မီးလောင်မှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲနှင့် စေတနာ့ဝန်များတို့ ပူပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကိုကိုဝင်းက မီးငြိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူး(DCP)အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ဂစ်အိုးမီးလောင်မှု ဖြစ်ပွားလာပါက အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်စက်ကလေးအသုံး ပြုနည်းများ၊ မီးသတ်ပိုက်လိပ်၊ ပိုက်ခေါင်းကိုင်ကွယ်အသုံးပြုနည်းများ၊ အောက်ဆီဂျင် စက်ရုံတွင် တပ်ဆင်ထားသော (Fire Hose Reel ) အသုံးပြုနည်းများအား အသိပညာပေးရှင်းလင်းပြောကြား သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများ တို့အား မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းနည်းများကို လက်တွေ့ပြသခြင်း၊ ကိုယ်တိုင်ပါဝင်၍ လက်တွေ့မီးငြိမ်းသတ် နည်းများ စုပေါင်းသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်းသိရှိရသည်။
မြို့နယ်