လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်ကို ဆက်သွယ် ပေးထားသည့် မော်တော်ကား လမ်းဘေးဝဲ၊ ယာတစ်ဖက်စီအား မြေသားတာပေါင်ဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြေသားတာပေါင်ဖို့ခြင်း လုပ်ငန်းကို (၂၀၂၁-၂၀၂၂)မီနီဘတ်ဂျက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈၃.၅)သန်းဖြင့် အရှည် ၃ ကီလိုမီတာ(၁ မိုင် ၇ ဖာလုံ) လမ်းဘေးဝဲ၊ ယာတစ်ဖက်လျှင် အကျယ် ၉ ပေရှိမြေသားတာပေါင်ဖို့ခြင်းအား လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့သည့် Steel Stone ကုမ္မဏီလီမိတက်မှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)