မြောင်းမြ ဖေဖော်ဝါရီလ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူး စက်ပျံ့နှံ့မှုမှစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခခွါသည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အထကောင်းများ ဆက်လက် လိုက်နာစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၈) မိနစ် (၃၀) အချိန်က မြောင်းမြမြို့ အမှတ်(၉)ရပ်ကွက်၊ (၇)လမ်းနှင့်သူဌေးကုန်းလမ်းထောင့် အမျိုးသားစျေးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်ကာ အရှိန်အဟုန်မြှင့်၍ Mask Campaign ပြုလုပ်ပြီး(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
၎င်း Mask Campaign ပြုလုပ်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်း၍ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၊ ခရီးသွားပြည်သူများအား (Mask)များ အခမဲ့ ဖြန့်ဝေပေးရင်း နေအိမ်ပြင်ပထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကို တစ်ပါတည်းယူဆောင်လာစေရေး၊ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးအသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)